Friday, March 29, 2013

လွတ်လပ်စွာတရားစီရင်ရေး

imagebam.com

လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) ဆိုသည်မှာ တရားစီရင်ရေးဌာနသည် အခြားသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနများ၏ သြဇာလွှမ်းမိုးမှုများမှ သီးသန့်ကင်းလွတ်နေရမည်ဟူသော အယူအဆတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ တရားရုံးများအပေါ်အခြားအခြားသော အစိုးရဌနများ၊ အဖွဲ့အစည်းများ၏ မလျှော်သြဇာသုံးလွှမ်းမိုးမ၍များမရှိစေရေးဖြစ်သည်။ လွတ်လပ်စွာတရားစီရင်ရေးသည် ဒီမိုကရေစီ၏ အဓိကလိုအပ်ချက်ဖြစ်သော အာဏာခွဲဝေကျင့်သုံးမှု (Separation of Power) ၏ အသက်သွေးကြောဖြစ်သည်။

နိုင်ငံများသည် လွတ်လပ်စွာတရားစီရင်မှုရှိစေရန်အတွက် တရားသူကြီးများကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးခြယ်ခန့်ထားလေ့ရှိကြသည်။ ဒီမိုကရေစီနိုင်ငံအများစုတွင် အမြင့်ဆုံးတရားရုံးရှိ တရားသူကြီးများကို အုပ်ချုပ်ရေးဘက်က ရွေးချယ်ကြပြီး၊ ၄င်းတို၌အားရာထူးမှဖယ်ရှားခြင်းကို ဥပဒေပြုအဖွဲ့မှဆောင်ရွက်ခွင့်ပေးထားသည်။ လွတ်စွာတရားစီရင်ရေးရှိစေရန်အတွက် တရားသူကြီးများ၏ ရာထူးသက်တမ်းကိုလည်း ရှည်လျားစွာသတ်မှတ်ထားလေ့ရှိသည်။ သို့မှာသာတရားသူကြီးလုပ်သူများအနေဖြင့် နောက်တစ်ကြိမ်ပြန်လည် အရွေးခံရမည့်အရေးကိုမျှောက်ကိုးကာ မိမိကိုပြန်လည်ရွေးခြယ်ပိုင်ခွင့်ရှိသူများ၏ အလိုအတိုင်းအတိုင်း အမှုများကို စီရင်ဆုံးဖြတ်မှု ပြုလုပ်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

ထို့အပြင်နိုင်ငံအများစုတွင် ဥပဒေပြုရေးဌာန၏ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများကို တရားစီရင်ရေးဌာနကပြန်လှန်ထိန်းကြောင်းနိုင်အောင် ဥပဒေရေးရာပြန်လယ်သုံးသပ်ပိုင်ခွင့် (Judicial Review) ဟူသောအခွင့်အာဏာကို တရားစီရင်ရေးဌာနကို အပ်နှင်းထားသည်။ ဥပမာဆိုရသော် အမေရိကန်နိုင် တရားရုံးချုပ်သည် ဥပဒေရေးရာပြန်လှန်သုံးသပ်ခွင့် အာဏာပါသည်။ အမေရိကန်တရားရုံးချုပ်သည် ကွန်ဂရက်ကပြဌာန်းသောဥပဒေများကို

စစ်ကိုင်းတိုင်းဒေသကြီး ကျေးရွာထင်းစိုက်ခင်းဥပဒေ

imagebam.com

စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးဥပဒေ

imagebam.com

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ

ဘလော့အသစ်ပြန်စတာပါ

မြန်မာဥပဒေကွန်ရက် ဘလော့အဟောင်းလေးပျက်သွားလို့ အသစ်တစ်ခုပြန်စလိုက်ပါတယ်။ အရင်လိပ်စာဖြစ်တဲ့ http://www.myanmarlawsnetwork.blogspot.com ကိုလည်းပြန်သုံးလို့မရတော့ပါဘူး။ ဒါ့ကြောင့် law မှာ s ဖြုတ်ပြီး http://www.myanmarlawnetwork.blogspot.com ဆိုပြီး အသစ်ပြန်ထောင်လိုက်တာပါ။ အားပေးကြတဲ့မိတ်ဆွေများကိုကျေးဇူးတင်ပါတယ်။

မြန်မာဥပဒေကွန်ရက်