Sunday, May 12, 2013

ဂဠုန်ဦးစောအမှုနောက်ဆုံးအယူခံရုံးစီရင်ချက်

ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေရဲ့အမှု နောက်ဆုံးအယူခံရုံးစိရင်ချက်လေးပါ။ ၁၉၄၈ စီရင်ထုံးထဲမှာပါ ပါတယ်။ ... မိတ်ဆွေတို့အတွက် scan ဖတ်ပြီး PDF လုပ်တင်ပေးလိုက်ပါတယ်။
Download: ဒီနေရာကိုနှိပ်ပါ

Monday, April 22, 2013

အပူ


နွေနေကား ပူလွန်းလှသည်။ မျက်နှာကျက်မှာ တဖျတ်ဖျတ်လည်နေတဲ့ ပန်ကာအိုကတောင် နွေနေပူကို မတွန်းလှန်နိုင်တော့။ ထိုင်ခုံပေါ်ထိုင်ရင်း နဖူးကချွေး ခြေမကျနေရသည့် အဖြစ်ပင်။ အလုံပိတ်ပေါင်းထားသော ခေါင်းပေါင်းကြားက ချွေးစေးတို့က တလိမ့်လိမ့် တစိမ့်စိမ့်ယိုစိမ့်နေသည်။ ချွေးတို့ဖြင့် စိုနစ်နေသာ တိုက်ပုံဝတ်ထားရသဖြင့် စာရေးလျှင် စာရွက်များပေါ် ချွေးတို့ စွန်းထင်း မည်စိုးသောကြောင့် စာလည်း မရေးနိုင်။ 

တရားခွင်တွင်း ထိုင်နေသော အမှုသည်တို့မှာကား ချွေးကိုပင် မသုတ်နိုင်ဘဲ အမှုစစ်နေသည်ကိုသာသဲကြီးမဲကြီးနားထောင်နေကြ၏။
ပူလောင်နေသည်ကိုလည်း မခံစားနိုင်။ သက်သေ၏ထွက်ချက် ကိုသာ လိုက်မှတ်သူက လိုက်မှတ်၏။
အမှုသည်တို့ကို ကြည့်ရင်း အပြင်အပူထက် အတွင်းက အပူက ပိုပြီး ပူလောင်နေရသည့်အဖြစ်ကို
မြင်မိသည်။ အမှုသည်တို့၏ရင်တွင်းက လောဘမီး၊ ဒေါသမီး၊ မောဟမီးနဲ့ သောကမီးတို့က
နွေနေပူထက်ပိုပြီး လောင်မြိုက်နေသည်။ 

မလာချင်ဘဲ လာရတဲ့လူ နှင့် လာချင်လို့ လာရသည့်လူ
မည်သူက ပိုပူမည်ထင်သနည်း။ နှစ်ယောက်စလုံးအတူတူပင် ပူပါသည်။ အမှုသည်တို့ရင်ထဲက
အပူတွေကို ကျနော်ကရော အေးငြိမ်းအောင် လုပ်ပေးနိုင်ပါမည်လား။ မလုပ်ပေးနိုင်ပါ။ အလွန်ဆုံး အမှုတွင် မှန်ကန်သည်ဟု ပေါ်ပေါက်သော အမှုသည်၏ အပူမီးကိုသာ အနည်းငယ်ငြိမ်းအေးမှုပေးနိုင်ပါမည်။ ဒိထက်ပိုပြီးလည်း မတတ်နိုင်။ အမှုရှုံးသူအဖို့မှာတော့ ပိုပြီးတောက်လောင်ဖို့သာရှိတော့သည်။ နတ်ဒေ၀ါများကဲ့သို့ အစွမ်းရှိလည်း အမှုသည်တို့၏အပူမီးကို အေးငြိမ်းအောင် ဆောင်ရွက်နိုင်ဖွယ်မမြင်
။ လူအလို နတ်မလိုက်နိုင်ဆိုသည့် စကားပင်ရှိသေးသည်ကိုး။

အမှန်တော့ အတွင်းကလာသည့် အပူမီးတို့ကို ငြိမ်းသတ်ပေးနိုင်သူများမှာ ဘုရားတရားသံဃာနှင့်
မိမိကိုယ်တိုင်သာဖြစ်သည်။ လိုချင်သဖြင့် လောဘဖြစ်ရသည်။ မရသဖြင့် ဒေါသဖြစ်ရသည်။ ရသင့် မရသင့် မသိသဖြင့် မောဟဖြစ်ရသည်။ ကိုယ့်ပစ္စည်း သူများပေးရမည်စိုးသဖြင့် သောကဖြစ်ရသည်။
ကိုယ့်ရင်ထဲက မီးကို ကိုယ်တိုင်ပင်မွှေးကြသည်။ တောက်လောင်ကြသည်။ ဒီလိုလောင်မြိုက်ကြရင်း
ပင် တနေ့ သေဆုံးကြရဦးမည်။ ခက်တော့လည်း ခက်သည် တရားရုံးဟူသည် မသွားသင့် မလာအပ်သော နေရာဟု ရှေးလူကြီးတွေက ဆိုခဲ့သည်။ အစွဲအလမ်းကြီးသော မြန်မာတို့ ရှေးထုံးကိုများ ပယ်လိုက်ကြလေပြီလားလို့ တွေးရင်းသာ ရင်မောမိပါတော့သည်။

ကျနော် မောင်လူအေးပါ။

တရားသူကြီးမောင်လူအေး Facebook မှကူးယူဖေါ်ပြသည်။

Saturday, April 6, 2013

Google Book ကနေ စာအုပ်တွေ ဘယ်လို Download လုပ်မလဲ

imagebam.com
Google Book (http://www.books.google.com) ဆိုတာ စာအုပ်တွေကိုတင်ထားပေးတဲ့ Google ရဲ့ Service တစ်ခုပါ။ ဒါပေမဲ့ Google Book ထဲက စာအုပ်တွေကို  online ပဲဖတ်လို့ရပါတယ်။ ..... ၊ ဒေါင်းလုတ် လုပ်လို့မရအောင်လုပ်ထားတယ်။ စာအုပ်တွေ၊ စာမျက်နှာတွေကို သိမ်းလို့မရအောင်လုပ်တယ်။ page တစ်ခုလုံးကို Save As နဲ့သိမ်းရင်လည်း စာမျက်နှာတွေမပါလာဘူး၊ Right Click နှိပ်ပြီးလည်း ပုံတွေသိမ်းသလို သိမ်းလို့မရဘူး။ Print လည်းထုတ်မရဘူး။ ........

 အခုရေးမဲ့နည်းကိုမသိခင်တုန်းကတော့ Snipping Tool နဲ့ စိတ်ရှည်လက်ရှည် Screenshoot ဖမ်းပြီး word ထဲမှာပြန်စီရတယ် တော်တော်အချိန်ကုန်တယ်။ လက်လည်းဝင်တယ်။ အခုတော့ အဲလိုလုပ်စရာမလိုပဲ အဆင်ပြေတဲ့နည်းတွေ့သွားပြီ။ ..... မိတ်တွေများကိုလည်း ပြန်မျှဝေပါတယ်။

နည်းကလွယ်ပါတယ်။
(၁)။ Firefox Browser ကိုဖွင့်ပါ (ကျန်တဲ့ Browser များနဲ့မရပါ)

(၂)။ ဒီနေရာမှာ Greasemonkey ဆိုတဲ့ Add-on ကိုဒေါင်းပြီး Install လုပ်ပါ (ပြီးရင် Firefox ကို Restart ချပါ)

(၃)။ ဒီနေရာမှာ Google book download ကို Install လုပ်ပါ။


အထက်က အဆင့်သုံးဆင့်လုပ်ပြီးရင် Google Book ထဲကစာအုပ်တစ် အုပ်အုပ်ကို ဖွင့်လိုက်ပါ စာမျက်နှာတွေရဲ့ ညာဘက်ထိပ်မှာ Floppy Disk ပုံလေးပေါ်နေတာတွေ့ရပါလိမ့်မယ်။


imagebam.com
အဲဒိပုံလေးကို နှိပ်လိုက်ပါ။ Tab တစ်ခုပေါ်လာပြီး ခဏကစာမျက်နှာတစ်ခုလုံး ဓာတ်ပုံ အနေနဲ့ အဲဒိ Tab မှာ ပေါ်နေလိမ့်မယ်။ အဲတော့မှ Right Click ထောက်ပြီး Save Picture As နဲ့ ဓာတ်ပုံသိမ်းသလိုသိမ်းလိုက်ပါ။ .......
အရမ်းလွယ်ပါတယ်။ ...
အဆင်ပြေနိုင်ကြပါစေ။

မြန်မာဥပဒေကွန်ရက်

Friday, March 29, 2013

လွတ်လပ်စွာတရားစီရင်ရေး

imagebam.com

လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) ဆိုသည်မှာ တရားစီရင်ရေးဌာနသည် အခြားသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနများ၏ သြဇာလွှမ်းမိုးမှုများမှ သီးသန့်ကင်းလွတ်နေရမည်ဟူသော အယူအဆတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ တရားရုံးများအပေါ်အခြားအခြားသော အစိုးရဌနများ၊ အဖွဲ့အစည်းများ၏ မလျှော်သြဇာသုံးလွှမ်းမိုးမ၍များမရှိစေရေးဖြစ်သည်။ လွတ်လပ်စွာတရားစီရင်ရေးသည် ဒီမိုကရေစီ၏ အဓိကလိုအပ်ချက်ဖြစ်သော အာဏာခွဲဝေကျင့်သုံးမှု (Separation of Power) ၏ အသက်သွေးကြောဖြစ်သည်။

နိုင်ငံများသည် လွတ်လပ်စွာတရားစီရင်မှုရှိစေရန်အတွက် တရားသူကြီးများကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးခြယ်ခန့်ထားလေ့ရှိကြသည်။ ဒီမိုကရေစီနိုင်ငံအများစုတွင် အမြင့်ဆုံးတရားရုံးရှိ တရားသူကြီးများကို အုပ်ချုပ်ရေးဘက်က ရွေးချယ်ကြပြီး၊ ၄င်းတို၌အားရာထူးမှဖယ်ရှားခြင်းကို ဥပဒေပြုအဖွဲ့မှဆောင်ရွက်ခွင့်ပေးထားသည်။ လွတ်စွာတရားစီရင်ရေးရှိစေရန်အတွက် တရားသူကြီးများ၏ ရာထူးသက်တမ်းကိုလည်း ရှည်လျားစွာသတ်မှတ်ထားလေ့ရှိသည်။ သို့မှာသာတရားသူကြီးလုပ်သူများအနေဖြင့် နောက်တစ်ကြိမ်ပြန်လည် အရွေးခံရမည့်အရေးကိုမျှောက်ကိုးကာ မိမိကိုပြန်လည်ရွေးခြယ်ပိုင်ခွင့်ရှိသူများ၏ အလိုအတိုင်းအတိုင်း အမှုများကို စီရင်ဆုံးဖြတ်မှု ပြုလုပ်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

ထို့အပြင်နိုင်ငံအများစုတွင် ဥပဒေပြုရေးဌာန၏ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများကို တရားစီရင်ရေးဌာနကပြန်လှန်ထိန်းကြောင်းနိုင်အောင် ဥပဒေရေးရာပြန်လယ်သုံးသပ်ပိုင်ခွင့် (Judicial Review) ဟူသောအခွင့်အာဏာကို တရားစီရင်ရေးဌာနကို အပ်နှင်းထားသည်။ ဥပမာဆိုရသော် အမေရိကန်နိုင် တရားရုံးချုပ်သည် ဥပဒေရေးရာပြန်လှန်သုံးသပ်ခွင့် အာဏာပါသည်။ အမေရိကန်တရားရုံးချုပ်သည် ကွန်ဂရက်ကပြဌာန်းသောဥပဒေများကို